၈၈ မျိုးဆက်ရဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု

ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ရပ်အနေနဲ့ ရန်ကုန်မြို့ အင်းလျားကန်မှာ ဒီကနေ့ သွားရောက် ငါးလွှတ်ပြီး ကမ္ဘာအေးဘုရားမှာ ဝတ်ပြု ဆုတောင်းခဲ့ကြပါတယ်။

၂၀၁၂ခုနှစ် ဧပြီလ ၁၇ ရက်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုပြုလုပ်နေစဉ်။ RFA

ဒီလှုပ်ရှားမှုဟာ နှစ်သစ်မှာ မြန်မာပြည်သူတွေ ငြိမ်းချမ်းသာယာရေးနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အဖွဲ့နဲ့အတူ နော်အုန်းလှ ဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းအဖွဲ့လည်းဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org