သတင်းရင်းမြစ်အတိုင်း ရေးခဲ့ တာသာဖြစ်ကြောင်း 7 Day ပြော
7 Day သတင်းစာ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းနဲ့ သတင်းထောက် ကိုမင်းဟိန်းကျော်တို့ကို တပ်တွင်းစည်း လုံးရေးကို ပျက်ပြားအောင် ရေးသားဖော်ပြတယ် ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ တပ်မတော်အရာရှိတစ်ဦးက ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆို ထားကြောင်း အကြောင်းကြားစာကို လက်ခံရရှိထားတယ်လို့ 7 Day သတင်းစာ ဒုတိယအယ်ဒီတာချုပ်ကိုအားမာန် က ပြောပါတယ်။
-
2016-06-27 -
-
-
7 Day သတင်းစာ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းနဲ့ သတင်းထောက် ကိုမင်းဟိန်းကျော် တို့ကို တပ်တွင်း စည်းလုံးရေးကို ပျက်ပြားအောင် ရေးသားဖော်ပြတယ် ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ တပ်မတော် အရာရှိတစ်ဦးက ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆိုထားကြောင်း အကြောင်းကြားစာကို လက်ခံရရှိထားတယ်လို့ 7 Day သတင်းစာ ဒုတိယအယ်ဒီတာချုပ် ကိုအားမာန် က ပြောပါတယ်။
သတင်းဖော်ပြခဲ့တဲ့နေရာမှာ သတင်းရင်းမြစ် ပြောကြားခဲ့တဲ့အတိုင်း ရေးသားခဲ့တာဖြစ်ပြီး ပုဒ်မ ၁၃၁ နဲ့ တရားစွဲဆိုတာ ပြင်းထန်လွန်းတယ်လို့ 7 Day နေ့စဉ် သတင်းစာ ဒုတိယအယ်ဒီတာချုပ် ကိုအားမာန် က ပြောပါတယ်။
"ရာဇသတ်ကြီး ပုဒ်မ ၁၃၁ က ပြင်းထန်လွန်းတယ်လို့ မြင်တယ်ပေါ့နော်၊ နောက်ပြီးတော့ လမ်းကြောင်းလည်း လွှဲနေတယ်ပေါ့နော်၊ တကယ်က အခုဖော်ပြခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး သူတို့စွပ်စွဲသလို နိုင်ငံတော်နဲ့ တပ်မတော်သားတွေအပေါ်မှာ သူတို့သစ္စာစောင့်သိမှု မထားဖို့ရယ်၊ တာဝန်ဝတ္တရားတွေ မဆောင်ရွက်နိုင်ဖို့ အတွက် သွေးထိုးလှုံ့ဆော်အားထုတ်မှု ကျူးလွန်ပါတယ်ဆိုတော့ ဒီအမှုဖွင့်ထားပြီးတော့ စွပ်စွဲတဲ့အတိုင်း ဒီသတင်းဖော်ပြခဲ့ရာမှာ ကျနော်တို့ လုံးလုံးမရှိခဲ့ဘူးပေါ့နော်၊ အဲ့ပြောတဲ့ပုဂ္ဂိုလ်ကလည်း ဒီဟာပြောတယ်၊ ပြောတဲ့ အတိုင်းပဲ ကျနော်တို့ကလည်း ကျင့်ဝတ်အရရော မှန်ကန်တိကျမှုရအောင် ဒီအတိုင်းပဲ သတင်းကိုဖော်ပြရေးသား ခဲ့တယ်"
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ထုတ် 7 Day သတင်းစာမှာ "စစ်တက္ကသိုလ်ဆင်း ညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်း တိုက်တွန်း"ဆိုတဲ့ သတင်းမှာ တပ်မတော်နဲ့ အစိုးရ ပူးပေါင်းခြင်းမရှိဘူးလို့ သဘောထားသက်ရောက်စေတယ်ဆိုပြီး တိုင်ကြားတာဖြစ်ပါတယ်။
အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး မေလထဲမှာ တပ်မတော် သတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်းတာကြောင့် သွားရောက်တွေ့ ဆုံပြီး သတင်းထုတ်ပြန်ချက် ကိုသာ ရေးသားတာဖြစ်ကြောင်း၊ စာဖတ်သူတွေရဲ့ သတင်းသိပိုင်ခွင့်နဲ့သာ ရေးသားခဲ့ တာဖြစ်ကြောင်း ရှင်းပြခဲ့ပြီးဖြစ်ကြောင်းလည်း ကိုအားမာန် က ပြောပါတယ်။
သတင်းမီဒီယာသမားတွေနဲ့ ပတ်သက်ပြီး တိုင်ကြားချင်တယ်ဆိုရင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို အရင်တင်ပြ သင့်တာဖြစ်ကြောင်း နဲ့ 7 Day သတင်းစာအနေနဲ့ ညှိနိုင်းဖြေရှင်းလို့ရမယ့် နည်းလမ်းကိုသာ ရှာဖွေနေပြီး ဥပဒေအရ တရားရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ ဒီနေ့ တွေ့ဆုံ ရာမှာ ကောင်စီအဖွဲ့ဝင်တွေက မီဒီယာလောကသားတွေကို တရားစွဲဆို တဲ့နေရာမှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ကျော်လွန်ပြီး တရားမစွဲဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့ကို ဖိအားပေးတိုက်တွန်းပေးဖို့ တင်ပြခဲ့ပါတယ်။