ညီနောင်တိုင်းရင်းသားများ ပါတီတွေ အများစုအနိုင် ရရှိရေး ဆွေးနွေး

ညီနောင်တိုင်းရင်းသားများပါတီ NBF အဖွဲ့ဝင်တွေဟာ ၂ဝ၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင်ညှိနှိုင်းဖို့ ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ညီနောင်တိုင်းရင်းသားများပါတီ NBF အဖွဲ့ဝင်တွေဟာ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ညှိနှိုင်းဖို့ ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲအလွန် ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေမှာ NBF အဖွဲ့ဝင်ပါတီဝင်တွေ နေရာအများ စုရနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးတာလို့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်က ပြောပါတယ်။

"ကျနော် NBF ပါတီထဲကနေပြီးတော့ ပြည်နယ်အစိုးရတွေရဲ့ရှေ့ရေးပေါ့၊ အဲ့ဒါကို ကျနော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်ထားတယ်ပေါ့လေ၊ ပါတီအလိုက် ဝင်ပြိုင်မယ့်နေရာတွေကို အကုန်လုံးချမှတ်ပြီးတော့မှ အဲ့ဒီအပေါ်တွေမှာ တချို့နေရာတွေမှာ ထပ်တဲ့နေရာတွေ ဘာတွေရှိလို့ရှိရင် အဲ့ဒါကို အတက်နိုင်ဆုံး ကျနော်တို့ ညှိဖို့ပေါ့လေ၊ NBF ပါတီဝင်အချင်းချင်း အဲ့ဒါကို ကျနော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပါ"

၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် NBF အဖွဲ့ဝင် ပါတီတွေအနေ နဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းသွားဖို့ကိုလည်း သဘောတူလိုက်ကြပါတယ်။

NBF ခေါ်ညီနောင်တိုင်းရင်းသား မဟာမိတ်အဖွဲ့ကို ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ဖလုံစဝေါပါတီ၊ ၀ ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ စတဲ့ ၂၁ ပါတီနဲ့  ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org