တန်ဖိုးနည်းဖုန်း ရောင်းချရေး ရန်ကုန်တိုင်း လွှတ်တော်မှာ ဆွေးနွေး

တန်ဖိုးနည်း မိုဘိုင်းဆင်းကတ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ရောင်းချပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းခဲ့ပါတယ်။

တန်ဖိုးနည်း မိုဘိုင်းဆင်းကတ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ရောင်းချပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းခဲ့ပါတယ်။

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ အစိုးရက ကြေညာထားတဲ့ ၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းကတ်တွေ ရောင်းချတဲ့အခါမှာ ကုမ္ပဏီတစ်ခုလက်ထဲ ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်လက်ထဲ အားလုံးလွဲှပေးလိုက်တာမျိုးမဖြစ်စေဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ရောင်းချပေးဖို့ကို ဒေါက်တာ ညိုညိုသင်းက ဒီနေ့မှာတင်ပြခဲ့တာပါ။

ဒါပေမယ့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဆင်းကတ်တွေ ဘယ်လိုရောင်းချရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့က တိတိကျကျ ညွှန်ကြားချက် မရှိသေးတာကြောင့် အဲဒီလို အဆိုတင်သွင်း ဆွေးနွေးမှုဟာ မှတ်တမ်းတင်တဲ့အဆင့်ပဲ ရောက်ခဲ့ရတယ်လို့ ဒေါက်တာ ညိုညိုသင်းက အခုလို ပြောပါတယ်။

“ကုမ္ပဏီတစ်ခုကို ပုတ်ပြတ်ပေးလိုက်တာတို့၊ ဌာနတစ်ခုကို လုံးဝလွဲအပ်ပြီး ရောင်းချလိုက်တာတို့၊ ဝန်ကြီးဌာနတစ်ခုကိုပဲ ကိုင်တွယ်ခိုင်းတာတို့၊ အဲဒါမျိုးတွေ မဖြစ်သင့်ဘူးဆိုပြီး အရေးတကြီး အဆိုတင်တယ်၊ ဒီအဆိုကို မဲခွဲပြီးဆုံးဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဥက္ကဌကြီးက ဒါဟာဆိုလို့ရှိရင် ပြည်ထောင်စုအစိုးရအဖွဲ့က ဘယ်လိုလုပ်ပါဆိုတဲ့ ညွှန်ကြားချက် မရသေးတဲ့အတွက်ကြောင့်မို့ အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ မသိသေးဘူး၊ ဒါကြောင့်ဒီအဆိုကို မှတ်တမ်းပဲတင်ထားပေးပါဆိုပြီး ဒါဥက္ကဌကြီး ကိုယ်တိုင်က မှတ်တမ်းပဲတင်ထားလိုက်တာပေါ့၊”

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငွေကျပ် ၁၅၀၀ တန် CDMA 800 MHz ဆင်းကတ်အရေအတွက် လစဉ် ၃ သိန်းခွဲကို ပြည်နယ်နဲ့ တိုင်းအသီးသီးအတွက် ခွဲဝေပေးမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်အလိုက် ရလာတဲ့ခွဲတမ်းအရေအတွက်ကို ဒေသခံတွေဆီ ပြန်လည်ရောင်းချပေးရမှာဖြစ်ပါတယ်။

အဲဒီလို ဆင်းကတ်အရေအတွက်ကို ကန့်သတ်ချက်နဲ့ ရောင်းချပေးမှာ ဖြစ်တာကြောင့် ပြည်သူတွေဝယ်ယူရာမှာ လုံလောက်မှုမရှိနိုင်ဘူးလို့လည်း ပြောဆိုနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org