စစ်ကောင်စီကို တရုတ်၊ ရုရှားအပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ ပြစ်တင်ရှုတ်ချ

ဒီမိုကရေစီရေးလှုပ်ရှားသူ လေးဦးကို သေဒဏ်ပေးကွပ်မျက်လိုက်တဲ့အပေါ် တရုတ်နဲ့ရုရှာ အပါအဝင် လုံခြုံရေးအဖွဲ့ဝင် ၁၅ နိုင်ငံက ကန့်ကွက်မယ့်သူမရှိ တညီတညွတ်တည်း ပြစ်တင်ရှုတ်ချလိုက်တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာမှာ ပြီးခဲ့တဲ့နာရီပိုင်းက ဖော်ပြလိုက်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၁၈ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။ Photo: Reuters

ဒီမိုကရေစီရေးလှုပ်ရှားသူလေးဦးကို သေဒဏ်ပေးကွပ်မျက်လိုက်တဲ့အပေါ် တရုတ်နဲ့ရုရှားအပါအဝင် လုံခြုံရေးအဖွဲ့ဝင် ၁၅ နိုင်ငံက ကန့်ကွက်မယ့်သူမရှိ တညီတညွတ်တည်း ပြစ်တင်ရှုတ်ချလိုက်တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာမှာ ပြီးခဲ့တဲ့နာရီပိုင်းက ဖော်ပြ လိုက်ပါတယ်။

အဲဒီအပြင် အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ဖို့၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အပြည့်အဝ လိုက်နာဖို့ကိုလည်း စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့သူတွေကို မကွပ်မျက်ဘဲ ပြန်စဉ်းစားဖို့ အာဆီယံအသင်း ပန်ကြားနေတဲ့ကြားကပဲ အခုလိုဆောင်ရွက်လိုက်တယ်ဆိုတာ မှတ်သားထားတယ် လို့လည်း လုံခြုံရေးကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအပြင် မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အပြည့်အဝ ထောက်ခံ နေမယ်ဆိုတာ ထပ်ခါတလဲပြောဆိုလိုက်သလို၊ မြန်မာရဲ့ အချုပ်အခြာအာဏာတည်မြဲဖို့၊ နိုင်ငံရေးအရ လွတ်လပ်ဖို့၊ ကိုယ့်မြေကိုယ့်ရေနဲ့ ညီညွတ်ရေးဆက်လက်တည်ရှိဖို့ မြန်မာပြည်သူတွေရဲ့ မဆုတ်မနစ် လုံ့လကိုလည်း ဆက်လက်ထောက်ခံနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာရဲ့ အာဆီယံ ကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ရေးအခန်းကဏ္ဍဟာ အရေးကြီးတယ်လို့လည်း လုံခြုံရေးကောင်စီက မီးမောင်းထိုးပြလိုက်ပါတယ်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ သဘောထားနဲ့ လုံခြုံရေးကောင်စီရဲ့အမြင် တူညီနေတဲ့အပေါ်မှာ တရုတ်ကလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org