အမျိုးသားလွှတ်တော်အတွက် PR စနစ်ကျင့်သုံးရေး ပါတီ ၁၄ ခု ထောက်ခံ

လာမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးချယ် တဲ့အခါ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံး သင့်ကြောင်း ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် ကြားနာ ပွဲမှာ နိုင်ငံရေးပါတီ ၁၄ ပါတီက ထောက်ခံဆွေးနွေးခဲ့ ပါတယ်။

နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်

လာမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့အခါ PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးသင့်ကြောင်း ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် ကြားနာပွဲမှာ နိုင်ငံရေးပါတီ ၁၄ ပါတီက ထောက်ခံဆွေးနွေးခဲ့ပါတယ်။

လက်ရှိရွေးကောက်ပွဲစနစ်ဟာ ပါတီကြီးတွေသာ အင်အား များနိုင်တဲ့စနစ်ဖြစ်တာ ကြောင့် PR ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့တယ်လို့ အမျိုး သားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးသိန်းကြည် က ပြောပါတယ်။

"ကျနော်တို့ကတော့ PR စနစ်ကို လက်ခံတယ်ပေါ့၊ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ မတူ ကွဲပြားခြားနားတဲ့အချက်တွေကို PR က ညီညွှတ်စေ တယ်ပေါ့၊ အကျိုးစီးပွား မတူတာတောင် တူအောင်ဖြစ်စေတယ်ပေါ့ဗျာ၊ အများဆုံးအနိုင်ရတဲ့အဖွဲ့အစည်းတွေက ချယ်လှယ်နိုင်တဲ့အနေအထား ရှိတယ်ဗျာ၊ မခွဲခြားဘူး၊ ဘာသာရေးကဘယ်လို ပဲကွဲပြားခြားနားပါစေ၊ PR ကတော့ ကိုယ့်ကိုယ်စားပြု အကျိုးရှိမယ်ဆိုရင် PR ကိုလုပ် သင့်တယ်လို့ ကျနော်တို့ကတော့ အကြံဉာဏ်ပေးထားတယ်"

ဒီနေ့ ကျင်းပတဲ့ ကြားနာပွဲကို နိုင်ငံရေးပါတီ ၁၈ ခုက ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကစပြီး ဒီနေ့အထိ ၃ ရက်ကြာ ကျင်းပတဲ့ ကြားနာပွဲကို နိုင်ငံရေးပါတီ ၃၅ ပါတီက တက်ရောက်ဆွေးနွေးခဲ့ပြီး ပါတီ ၁၆ ပါတီက PR ကို မကျင့်သုံးသင့်ကြောင်း ကန့်ကွက်ခဲ့ပါတယ်။

ပြည်နယ်တွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ PR ခေါ် အချိုးကျကိုယ်စားပြုစနစ် နဲ့ ရွေးကောက်တင်မြှောက်နိုင်ဖို့အတွက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ဖို့ အမျိုးသားလွှတ်တော် က ကြိုးစားနေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org