သားနှစ်ယောက်မိခင် အမျိုးသမီးတော်လှန်ရေးသမား

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအပြီး နိုင်ငံတစ်ဝန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တပ်က အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူအများအပြား သေဆုံးခဲ့ရပါတယ်။

သားနှစ်ယောက်မိခင် မြောင်အမျိုးသမီး စစ်သည်တော်များအဖွဲ့က မဟူရာခင်။ Photo: Citizen Journalist

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအပြီး နိုင်ငံတစ်ဝန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တပ်က အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူအများအပြား သေဆုံးခဲ့ရပါတယ်။ ဒီလို ဖိနှိပ်သတ်ဖြတ်မှုတွေ ကြုံတွေ့ပြီးတဲ့နောက် "လက်နက်ကိုင်အာဏာရှင်ကို လက်နက်နဲ့ ပြန်လည်တော်လှန်ရမယ်"ဆိုတဲ့ ခံယူချက်နဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ကြတဲ့ လူငယ်တွေ အများအပြားပေါ်ထွက်လာခဲ့ပါတယ်။

ဒီလူငယ်တွေထဲမှာ အမျိုးသမီးငယ်တွေလည်း ပါဝင်လာခဲ့သလို သားသမီးရှိတဲ့ အိမ်ထောင်ရှင် မိခင်တွေလည်း ပါဝင်လာကြပါတယ်။ သားနှစ်ယောက်မိခင် မြောင်အမျိုးသမီး စစ်သည်တော်များအဖွဲ့က မဟူရာခင်အကြောင်း မခင်မိုးညိုက တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org