တိုင်းရင်းသားအချင်းချင်း တိုက်ပွဲတွေကြား မြေစာပင်ဘဝ ရောက်ရသူများ
တိုက်ပွဲတွေကြားမှာ မြေစာပင်ဘဝ ရောက်ရတာကတော့ ဒေသခံ အရပ်သားပြည်သူတွေပဲ ဖြစ်ပါတယ်။ ရွာမှာရှိတဲ့ အိမ်ခြေတစ်ဝက်လောက် မီးရှို့ခံခဲ့ရတဲ့ နမ္မတူမြို့နယ် မန်လီရွာသားတွေရဲ့ အဖြစ်က ဘယ်လိုများ ရှိပါသလဲ။
- 2021-06-06
-
-
-
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေသလို၊ တိုင်းရင်းသား အချင်းချင်းကြားမှာလည်း တိုက်ပွဲတွေ ရှိနေပါတယ်။
အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းမှာ SSPP/SSA နဲ့ RCSS/SSA ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲတွေဖြစ်နေသလို၊ TNLA တအာင်းပလောင်အဖွဲ့နဲ့ RCSS/SSA ရှမ်းပြည်တပ်မတော်-တောင်ပိုင်း ကြားမှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဒီတိုက်ပွဲတွေကြားမှာ မြေစာပင်ဘဝ ရောက်ရတာကတော့ ဒေသခံ အရပ်သားပြည်သူတွေပဲ ဖြစ်ပါတယ်။ ရွာမှာရှိတဲ့ အိမ်ခြေတစ်ဝက်လောက် မီးရှို့ခံခဲ့ရတဲ့ နမ္မတူမြို့နယ် မန်လီရွာသားတွေရဲ့ အဖြစ်က ဘယ်လိုများ ရှိပါသလဲ။ မဝေဝေလွင် တင်ပြထားပါတယ်။