နယူးယောက်မြို့လယ်ခေါင်က စစ်အာဏာ ဆန့်ကျင်ရေးဆန္ဒပြပွဲ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လည်ခေါင်၊ နိုင်ငံခြားခရီးသွားတွေနဲ့ အမြဲစည်ကားတဲ့ Time Square မှာ မေလ ၂၉ ရက်ညနေပိုင်းက မြန်မာတွေစုရုံးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ ပြည်သူလူထု ရွေးချယ်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးဖို့နဲ့ NUG က ဖွဲ့စည်းထူထောင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ထောက်ခံကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org