နမ့်ဖတ်ကာ - ကွတ်ခိုင်ကြား တိုက်ပွဲကြောင့် ကားလမ်းပိတ်

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကွတ်ခိုင်-နမ့်ဖတ်ကာကြားမှာ ရှစ်ရက်လောက်အထိ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ကျေးရွာသားတွေ စားနပ်ရိက္ခာ ပြတ်လပ်နေပါတယ်။

kutkai1-622.jpg

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကွတ်ခိုင်-နမ့်ဖတ်ကာကြားမှာ ရှစ်ရက်လောက်အထိ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ကျေးရွာသားတွေ စားနပ်ရိက္ခာ ပြတ်လပ်နေပါတယ်။ ပရဟိတအဖွဲ့တွေက ရွာတွေမှာ လိုအပ်နေတဲ့ ရိက္ခာကို မနေ့က သွားရောက်ပို့ဆောင်ခဲ့ပါတယ်။

သြဂုတ်လ ၂၆ ရက် ဒီနေ့မှာလည်း သိန္နီ-ကွတ်ခိုင်-နမ့်ဖတ်ကာ လမ်းပိုင်းကြားမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပြီး ညနေပိုင်းမှာ တိုက်ပွဲငြိမ်ခဲ့လို့ မူဆယ် ကွတ်ခိုင် ခရီးသွားကားတွေကို သွားလာခွင့်ပြုခဲ့ပါတယ်။

RFA သတင်းထောက် ကိုကံသာက သတင်းပေးပို့ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org