အမေရိကန်ရောက် မြန်မာကလေးတွေအတွက် ဗုဒ္ဓဘာသာအခြေခံသင်တန်း

အမေရိကန်ပြည်ထောင်စု မေရီလန်း၊ ဗာဂျီးနီးယားနဲ့ ဝါရှင်တန်ဒီစီမြို့တော် တဝိုက်မှာ နေထိုင်တဲ့ မြန်မာမိသားစုတွေရဲ့ ကလေးငယ်တွေကို မေရီလန်း ပြည်နယ်က မင်္ဂလာရာမကျောင်းတိုက်မှာ နွေရာသီတိုင်း ဗုဒ္ဓဘာသာအခြေခံသင်တန်း ပို့ချနေတာ ၉ နှစ်ဆက်တိုက် ရှိနေပါပြီ။

summer-class-622.jpg

 

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းက မေရီလန်းပြည်နယ်၊ ဗာဂျီးနီးယားပြည်နယ်နဲ့ ဝါရှင်တန်ဒီစီမြို့တော် တဝိုက်မှာ နေထိုင်တဲ့ မြန်မာမိသားစုတွေရဲ့ ကလေးငယ်တွေကို မေရီလန်း ပြည်နယ်က မင်္ဂလာရာမကျောင်းတိုက်မှာ နွေရာသီတိုင်း ဗုဒ္ဓဘာသာအခြေခံသင်တန်း ပို့ချနေတာ ၉ နှစ်ဆက်တိုက် ရှိနေပါပြီ။

အခုနှစ်အတွက် မင်္ဂလာရာမကျောင်းတိုက်မှာ သီတင်းသုံးတဲ့ သံဃာတော်နှစ်ပါးနဲ့ လူပုဂ္ဂိုလ်တချို့က တနင်္ဂနွေနေ့တိုင်း တစ်ရက်ကို သုံးနာရီကျော်ကြာအောင် လေးပတ်ဆက်တိုက် ပို့ချပေးခဲ့ပါတယ်။လူမှုအသိုင်းအဝန်းမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အားပေးတဲ့ အမေရိကန်ပြည်ထောင်စုမှာ တခြားဘာသာတွေနည်းတူ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့လည်း လွတ်လွတ်လပ်လပ် သင်တန်းပို့ချခွင့်ရနေပါတယ်။

ရိုက်ကူး - စောဖိုးခွား

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org