နမ့်ပေါင်တိုက်နယ် တိုက်ပွဲကြောင့် ရွာသား ငါးရာကျော် ထွက်ပြေးနေရ
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် အခြေစိုက် ခလရ ၂၉၁ တပ်ကို မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က သြဂုတ်လ ၂၈ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
-
2019-08-29 -
-
-
လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် နမ့်ပေါင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလှုံနေတဲ့ ဒေသခံတွေကို ၂ဝ၁၉ သြဂုတ် ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် အခြေစိုက် ခလရ ၂၉၁ တပ်ကို မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြောင့် ရွာသားငါးရာကျော်ဟာ နမ့်ပေါင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့၊ နီးစပ်ရာ ဆွေမျိုးတွေနေအိမ်မှာ ထွက်ပြေးခိုလှုံနေကြပါတယ်။
ဒါ့အပြင် သိန္နီ-ကွမ်လုံလမ်းပိုင်း နာတီးကျေးရွာအနီးက တံတားတစ်စင်းလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ RFA သတင်းထောက် ကိုကံသာက တင်ပြထားပါတယ်။