အေးချမ်းတဲ့နယ်မြေ ရှာမတွေ့နိုင်သေးတဲ့ ဆရာလေးယုဝတီ

တိုက်ပွဲတွေ ဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ အေးချမ်းတဲ့ ရန်ကုန်မြို့ကြီးကို ပြောင်းရွှေ့လာခဲ့ပေမယ့် လက်နက်ကိုင် ပဋိပက္ခဒဏ်ကို ရှောင်လို့ မလွတ်နိုင်သေးတဲ့ နန့်ဆန်မြို့က သီလရှင်ဆရာလေး မယုဝတီ အကြောင်း RFA သတင်းထောက် မဝေဝေလွင်က တင်ပြထားပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ဆန်မြို့က သီလရှင်ဆရာလေး မယုဝတီဟာ ပညာတွေ ဆက်ပြီး သင်ချင်တာကြောင့် အေးချမ်းတဲ့ ရန်ကုန်မြို့ကြီးကို လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ပြောင်းရွှေ့လာခဲ့ပါတယ်။
 
ဒါပေမယ့် ရန်ကုန်မြို့မှာလည်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ လူထုကို အကြမ်းဖက်နှိမ်နှင်းမှုတွေ ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ စတင်ခဲ့ပါတယ်။ လမ်းမတွေပေါ်တင် မကဘဲ ရပ်ကွက်တွေထဲအထိ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်သားတွေ နေရာယူခဲ့တာပါ။
ဆရာလေးတို့ သီတင်းသုံးနေတဲ့ သန်လျင် ကျောက်တန်းဘက်မှာလည်း အလားတူ ဖြစ်ရပ်မျိုး ကြုံနေရပါတယ်။ လက်နက်ကိုင် ပဋိပက္ခဒဏ်ကို ရှောင်လို့ မလွတ်နိုင်သေးတဲ့ ဆရာလေးယုဝတီ အကြောင်းကို RFA သတင်းထောက် မဝေဝေလွင်က တင်ပြထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org