ဒေသခံတွေ စိုးရိမ်နေတဲ့ မူဆယ်-မန္တလေး ရထားလမ်း
တရုတ်အစိုးရက အကောင်အထည်ဖေါ်နေတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ တရုတ်မြန်မာနယ်စပ် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းကလည်း အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်ပါတယ်။
-
2020-03-27 -
-
-
မူဆယ်-မန္တလေး ရထားလမ်း ဖောက်လုပ်မဲ့ နေရာအမှတ်အသားကို လူတစ်ယောက်ကြည့်ရှုနေစဉ်
တရုတ်အစိုးရက အကောင်အထည်ဖေါ်နေတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ တရုတ်မြန်မာနယ်စပ် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းကလည်း အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်ပါတယ်။ ဒီရထားလမ်းစီမံကိန်းအတွက် မြေပြင်တိုင်းတာမှုတွေ ရှမ်းပြည်မြောက်ပိုင်းမှာ လုပ်နေပါပြီ။ ဒါပေမဲ့ ရထားလမ်းဖောက်လုပ်မယ့်လမ်းကြောင်းမှာရှိနေတဲ့ ဒေသခံတွေကတော့ ဒီစီမံကိန်းအကြောင်း သိပ်ပြီး မသိကြပါဘူး။
ပွင့်လင်းမြင်သာမှုမရှိတဲ့ ဒီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ မြေယာပိုင်ဆိုင်မှုတွေထိခိုက်နစ်နာမှာကို စိုးရိမ်နေတဲ့ အကြောင်း RFA သတင်းထောက် ကိုကံသာ က တင်ပြပါလိမ့်မယ်။