ဂမ်ဘီယာကိုထောက်ခံကြောင်း အမေရိကန်ရောက် တိုင်းရင်းသားတွေ ဆန္ဒပြ
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံဘက်က ထောက်ခံကြောင်း အမေရိကန်ရောက်တိုင်းရင်းသားတွေ ဒီကနေ့ ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
-
စောဖိုးခွား
2019-12-08 -
-
-
မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်ပြီး ထောက်ခံကြောင်း အမေရိကန်ရောက်တိုင်းရင်းသားတွေ ၂၀၁၉၊ ဒီဇင်ဘာ ၇ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြစဥ်
ဓါတ်ပုံ - စောဖိုးခွား/ RFA
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံဘက်က ထောက်ခံကြောင်း အမေရိကန်ရောက်တိုင်းရင်းသားတွေ ဒီကနေ့ ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို အမေရိကန်-ကရင်တိုင်းရင်းသားများအဖွဲ့က ဦးဆောင်တာဖြစ်ပြီးတော့ ရခိုင်၊ ကချင်၊ မွန်နဲ့ မြန်မာ-မွတ်စလင်တွေလည်း ပါဝင်ခဲ့ပြီး လူအင်အား တစ်ရာလောက်ရှိပါတယ်။ မြန်မာသံရုံးဘက်ကတော့ ဘာမှတုံ့ပြန်တာမရှိခဲ့ပါဘူး။
ရိုက်ကူး - စောဖိုးခွား/ RFA