လက်ပံတောင်းက ဒေါ်ခင်ဝင်းဈာပန
2014.12.26
ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေးနီစံမံကိန်း မှာ သေနတ် ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း (၅၇) နှစ် ဈာပနအခမ်းအနားကို ဒီနေ့ နေ့လည် ၂ နာရီမှာ ကျင်းပခဲ့ပါတယ်။ ဈာပနအခမ်းအနားကို ဆည်တည်း၊ ဇီးတောနဲ့ ကျောက်ဖြူတိုင်ကျေးရွာတွေ က ကျေးရွာသားတွေလည်း သွားရောက်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။