စစ်အာဏာသိမ်းမှုဆန့်ကျင်ပွဲတွေ အမေရိကန် မြို့ကြီးတချို့မှာ ပြုလုပ်

အမေရိကန်ပြည်ထောင်စုက မြို့ကြီးတစ်ချို့မှာလည်း ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တပြိုင်နက်တည်း ကျင်းပခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားနေတဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းရဲ့ လုပ်ရပ်တွေကို မြန်မာပြည်သူလူထုတရပ်လုံး၊ တစ်နိုင်ငံလုံးက လက်မခံဘဲ ဆန့်ကျင်နေကြပါတယ်။

အခုအခါ စစ်အာဏာရှင် ဆန့်ကျင်ပွဲတွေကို ပြည်တွင်းမှာသာမက ကမ္ဘာတဝန်းက နိုင်ငံအများအပြားကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကပါ တခဲနက် ပါဝင် ဆင်နွဲနေကြ‌ပါတယ်။ အမေရိကန် ပြည်ထောင်စုက မြို့ကြီးတစ်ချို့မှာလည်း ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တပြိုင်နက်တည်း ကျင်းပခဲ့ကြပါတယ်။

RFA ဝိုင်းတော်သား ဦးသစ်ဆင်း တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org