ငြိမ်းချမ်းရေးစကားဝိုင်း (ပခုက္ကူမြို့နယ်)

မကွေးတိုင်း ပခုက္ကူမြို့နယ် ချောက်ကန်ကျေးရွာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူတွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို သြဂုတ်လ ၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။

 

မကွေးတိုင်း ပခုက္ကူမြို့နယ် ချောက်ကန်ကျေးရွာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူတွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို သြဂုတ်လ ၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ အနေနဲ့ မမှန်ကန်ဘူးဆိုရင် ပြည်သူတွေအနေနဲ့ ထောက်ပြ ပြောဆိုသင့်ကြောင်း၊ တချို့ကအစိုးရဘာလုပ်လုပ်အပြစ်ရှာဖို့ စောင့်ကြည့်နေတဲ့သူတွေလည်း ရှိနေကြာင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခက ကောက်နှုတ်တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org