နိုင်ငံရေးနဲ့ ထောင်

တိုင်းနှင့်ပြည်နယ် လူငယ်များနှင့် တွေ့ဆုံပွဲမှ ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက် အပိုင်း (၁)


လူတယောက်ဟာ ကိုယ့်လိပ်ပြာ မသန့်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး ဒီလောကကြီးမှာ အေးအေးချမ်းချမ်းနဲ့ နေသွားနိုင်မလဲ။

တခြားဟာတွေ ဘယ်လိုဘဲ အဆင်ပြေ နေနေ မသန့်တဲ့ လိပ်ပြာနဲ့ နေတဲ့သူဟာ ဘယ်တော့မှ လုံခြုံမှု မရှိဘူး။

တဖက်ကလည်း ကျမတို့လူတွေက ထောင်ကျချင်လား ဆိုတော့ မကျချင်ဘူး။

ဘယ်သူမှ ထောင်မကျချင်ပါဘူး။ ဘယ်သူမှ ထောင်ထဲမှာ မနေချင်ပါဘူး။

ထောင်ကျချင်လို့ နိုင်ငံရေး လုပ်တာ မဟုတ်ဘူး။

နိုင်ငံရေး လုပ်တဲ့အခါမှာ မလွှဲမရှောင်သာလို့ ထောင်ကျရတာ။

အဲဒီတော့ ထောင်မကျတဲ့ နိုင်ငံရေးမျိုးဆိုပြီး အဲဒီလို သတ်သတ်မှတ်မှတ် လုပ်မယ်ဆိုရင် ဒါဟာ သိက္ခာ မပြည့်ဝတဲ့ နိုင်ငံရေးမျိုးလို့ဘဲ ဒီလိုဘဲ ကျမ ပြောရမှာဘဲ။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org