ရွှေကုက္ကိုတိုက်ပွဲမှာ ကာစီနိုလုံခြုံရေးနဲ့ ရွာသားအချို့ပါ၀င်ကြောင်း ဒေသခံတွေပြော

ရွှေကုက္ကိုတိုက်ပွဲမှာ BGF ဘက်က ကာစီနိုလောင်းကစားရုံစောင့် လုံခြုံရေးတွေအပြင် ရွှေကုက္ကိုအနီးအနားရွာတွေက ဒေသခံတွေကိုပါ ပါဝင်တိုက်ခိုက်ဖို့ ဆင့်ခေါ်နေတယ်လို့ ပြောပါတယ်။

နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ Citizen Journalist

KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ နယ်ခြားစောင့်တပ် (BGF)၊ စစ်ကောင်စီတပ်တွေ ဖြစ်နေ တဲ့ ရွှေကုက္ကိုမြို့အနီး တိုက်ပွဲမှာ BGF ဘက်က ကာစီနိုလောင်းကစားရုံစောင့် လုံခြုံရေးတွေ အပြင် ရွှေကုက္ကိုအနီး အနားရွာတွေက ဒေသခံတွေကိုပါ ပါဝင်တိုက်ခိုက်ဖို့ ဆင့်ခေါ်နေ တယ်လို့ ရွှေကုက္ကိုဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org