ရွှေကုက္ကိုတိုက်ပွဲကြောင့် အရပ်သား နှစ်ထောင်ခန့် ထိုင်းနယ်စပ်ထွက်ပြေးရ

မြ၀တီမြို့အနီး စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တွေချုပ်ကိုင်ထားတဲ့ ရွှေက္ကိုမြို့ကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်နေတာကြောင့် ဒေသခံနှစ်ထောင်ခန့် ထိုင်းနပ်စပ်ဘက်ကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရွှေကုက္ကိုတိုက်ပွဲကြောင့် ထိုင်းနပ်စပ်ဘက်ကို ထွက်ပြေးနေကြသည့် ‌‌ဒေသခံများကို ၂၀၂၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။ ကရင်အမျိုးသား မီဒီယာ

ကရင်ပြည်နယ် မြ၀တီမြို့အနီး စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တွေချုပ်ကိုင်ထားတဲ့ ရွှေက္ကိုမြို့ကို ဧပြီလ ၅ ရက် ဒီနေ့မနက် ၁၀ နာရီက KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်နေတာကြောင့် ဒေသခံနှစ်ထောင်ခန့် ထိုင်းနပ်စပ်ဘက်ကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ BGF တပ်တွေဟာ မြို့တွင်းအ၀င်အထွက်ကို ပိတ်ထားတယ်လို့လည်း ဆိုပါတယ်။

မြို့တွင်းပိတ်မိနေသူတစ်ဦးကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org