ငြိမ်းချမ်းရေးကော်မရှင်နဲ့ TNLA, AAနဲ့ MNDAA တွေ့ဆုံပွဲ

ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA, AAနဲ့ MNDAA အဖွဲ့သုံးဖွဲ့ တွေ့ဆုံပွဲကို ဒီကနေ့မနက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အသိသက်သေအနေနဲ့ KIO နဲ့ UWSA အဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA, AAနဲ့ MNDAA အဖွဲ့သုံးဖွဲ့ တွေ့ဆုံပွဲကို ဒီကနေ့မနက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အသိသက်သေအနေနဲ့ KIO နဲ့ UWSA အဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီပထမဆုံး တွေ့ဆုံပွဲမှာ ဆုံးဖြတ်ချက်တွေ သဘောတူညီချက်တွေ မချမှတ်နိုင်ပေမဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ TNLA အဖွဲ့က ပြောပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org