ပဇီကြီးရွာတိုက်ခိုက်မှု နောက်ဆုံးအခြေအနေ မေးမြန်းချက်

ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းက တိုက်ခိုက် ခံခဲ့ရပြီးနောက် ကယ်ဆယ်ရေးနဲ့ အလောင်းကောက်ယူတာတွေကို ဆက်လက်ဆောင်ရွက်နေရဆဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ် အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ ဧပြီလ ၁၁ ရက် မနေ့က လေကြောင်းက တိုက်ခိုက် ခံခဲ့ရပြီးနောက် ဧပြီလ ၁၂ ရက်နေ့အထိ ကယ်ဆယ်ရေးနဲ့ အလောင်း ကောက်ယူတာတွေကို ဆက်လက်ဆောင်ရွက်နေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ညနေပိုင်း နောက်ဆုံးတိုက်ခိုက်ခံရမှုမှာ ကယ်ဆယ်ရေး ဆောင်ရွက်နေသူ သုံးဦးသေဆုံးခဲ့ပေမယ့် မနက်ပိုင်း ပစ်ခတ်မှုကြောင့်သေဆုံးရသူ အတိအကျပြောပြနိုင်ဖို့ အခက်အခဲရှိတယ်လို့ဆိုပါတယ်။ ဒေသခံတစ်ဦးကို ဦးတင်အောင်ခိုင် မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org