စစ်ကောင်စီကို တိုင်းရင်းသား EAO တွေ ဦးဆောင်တိုက်ခိုက်မယ်လို့ NUG ပြော
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.08.20
2021.08.20
နွေဦးတော်လှန်ရေးနောက်တဆင့်တက်မယ့် အရေးကြီးကာလကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် အရေးပေါ်ကာလ ဆက်သွယ်ရေးယန္တရား လိုအပ်ချက်အရ NUG ရေဒီယိုကို ထူထောင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား EAO တွေက ဦးဆောင်ပြီး စစ်ဒေသကြီး နှစ်ခုခွဲကာ စစ်ကောင်စီကို တိုက်ခိုက်မှာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က RFA ကိုပြောကြားလိုက်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီနဲ့ အပေးအယူလုပ်ဆွေးနွေးစရာ အကြောင်းတစုံတရာ မရှိကြောင်းနဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေ အရေးတကြီး လိုအပ်နေကြောင်းလည်း သူက ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။