SNLD နဲ့ NLD ပါတီ မနက်ဖြန် တွေ့မည်

ကျားခေါင်းပါတီလို့ ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ ရှမ်းပြည်နယ် တောင်ကြီးမြို့က NLD ပါတီပြည်နယ်ရုံးမှာ မနက်ဖြန် ဇန်နဝါရီ ၁၅ ရက်နေ့ တွေ့ဖို့ သဘောတူညီမှု ရလိုက်ပါတယ်။

လားရှိုးမြို့မှာ ၂၀၂၀ နိုဝင်ဘာ ၅ ရက်နေ့က SNLD ပါတီဝင်တွေ လှည့်လည်မဲဆွယ်နေစဉ် Photo: Kan Thar/RFA

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ မနက်ဖြန် ဇန်နဝါရီ ၁၅ ရက်နေ့မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့က NLD ရုံးမှာ တွေ့ဆုံဖို့ သဘောတူညီလိုက်ကြပါတယ်။

နှစ်ဘက်ပါတီရုံးတွေ မဟုတ်တဲ့ ကြားနေရာတစ်ခုမှာ မတွေ့ဘဲ NLD ပါတီပြည်နယ်ရုံးမှာ သွားတွေ့တာဟာ အမျိုးသားညီညွှတ်ရေးအတွက်နဲ့ ပါတီရဲ့ ရှေ့အလားအလာတွေကို ရှေးရှုပြီး ဆုံးဖြတ်လိုက်တာလို့ SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ SNLD ပါတီဟာ ပြည်သူ့လွှတ်တော်မှာ ၁၃ နေရာ၊ အမျိုးသားလွှတ်တော် မှာ ၂ နေရာနဲ့ ပြည်နယ်လွှတ်တော်မှာ ၂၇ နေရာ၊ စုစုပေါင်း ၄၂ နေရာနဲ့ ကိုယ်စားလှယ်အရေအတွက် တတိယအများဆုံး အနိုင်ရထားတဲ့ပါတီ ဖြစ်ပါတယ်။

မနက်ဖြန် ဘာတွေ ဆွေးနွေးကြမလဲဆိုတာ RFA သတင်းထောက် မသက်စုအောင်က ဦးစိုးလိတ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org