လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်အကြောင်း မေးမြန်းချက်
ရခိုင်ပြည်နယ် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတို့ အတွက် "လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော် မရှင်" ကို နိုင်ငံတော် သမ္မတရုံးက ဇူလိုင်လ ၃၀ ရက် နေ့စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
-
2018-07-31 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတို့အတွက် "လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်" ကို နိုင်ငံတော် သမ္မတရုံးက ဇူလိုင်လ ၃၀ ရက် နေ့စွဲ နဲ့ ဖွဲ့စည်းလိုက်ပါတယ်။အဲဒီကော်မရှင်မှာ အဖွဲ့ဝင် ၄ ဦး ပါဝင်မှာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဖိလစ်ပိုင်နိုင်ငံက ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုက ဦးဆောင်မှာ ဖြစ်ပါတယ်။လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် လူ့အခွင့်အရေး ချိုးဖေါက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ဆက်နွယ်တဲ့ ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်။အဲဒီအဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦမြသိန်း၊ ဂျပန်သံအမတ်ကြီး ကင်ဇိုအိုရှီးမား နဲ့ ကုလသမဂ္ဂ ဝန်ထမ်းကောလိပ် ကျောင်းအုပ်ကြီးဟောင်း ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် တို့ ပါဝင်ကြပါတယ်။ဒီကော်မရှင်ကို ပြည်တွင်းနဲ့ နိုင်ငံတကာက ဥပဒေ နဲ့ နည်းပညာကျွမ်းကျင်သူတွေက ပံ့ပိုး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
ဒီကော်မရှင်ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။