မိုင်းတွင်းဗုံးကြဲတိုက်ခိုက်ခံရမှု KNU ဗဟို ပြောခွင့်ရသူ ပဒိုစောတောနီးနှင့်မေးမြန်းချက်
ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ ဘုရားသုံးဆူမြို့နားက သပြု ခနောက်စိမ်း မိုင်းတွင်းမှာ အရပ်သားတွေပဲ ရှိနေမှန်းသိလျက်နဲ့ စစ်ကောင်စီက မနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ကြောင်း KNU ဗဟို ပြောခွင့်ရသူ ပဒို စောတောနီးက ပြောပါတယ်။
- 2022-11-16
-
-
-
စစ်တပ်က ဘုရားသုံးဆူမြို့၊ မက္ကသာရွာ KNU စခန်းအနီးရှိ မိုင်းတွင်းတစ်ခုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။
Photo : Citizen Journalist
ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ ဘုရားသုံးဆူမြို့နားက သပြု ခနောက်စိမ်း မိုင်းတွင်းမှာ အရပ်သားတွေပဲ ရှိနေမှန်းသိလျက်နဲ့ စစ်ကောင်စီက မနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ကြောင်း KNU ဗဟို ပြောခွင့်ရသူ ပဒို စောတောနီးက ပြောပါတယ်။ စစ်တပ်က ဗုံးကြဲလို့ မိုင်းလုပ်သား သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာ တရုတ်နိုင်ငံသား အသက် ၅၂ နှစ်အရွယ် ဇူဂျင်းမေ ဆိုသူ ပါဝင်တယ်လို့လည်း အတည်ပြုပြောပါတယ်။
ပဒိုစောတောနီးကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။