မီဒီယာတွေကို ကြပ်မတ်ဖို့ တပ်မတော်သားကိုယ်စားလှယ် တောင်းဆို

သတင်းမီဒီယာတွေကို ကြပ်မတ်ပေးဖို့ ဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်ကို သြဂုတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ခဲ့ပါတယ်။ အဲဒီ့စာထဲမှာ သတင်းမီဒီယာတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှု၊ သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေကို လူမှုကွန်ရက်တွေ၊ ဂျာနယ်တွေမှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ဖြန့်နေကြောင်းနဲ့ စိတ်ငြိုငြင်အောင်၊ ဒေါသဖြစ်အောင်နဲ့ အသရေကို နစ်နာအောင် ပြုလုပ်တာတွေရှိတယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။

သတင်းမီဒီယာတွေကို ကြပ်မတ်ပေးဖို့ ဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်ကို   သြဂုတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ခဲ့ပါတယ်။ အဲဒီ့စာထဲမှာ သတင်းမီဒီယာတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှု၊ သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေကို လူမှုကွန်ရက်တွေ၊ ဂျာနယ်တွေမှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ဖြန့်နေကြောင်းနဲ့ စိတ်ငြိုငြင်အောင်၊ ဒေါသဖြစ်အောင်နဲ့ အသရေကို နစ်နာအောင် ပြုလုပ်တာတွေရှိတယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။တပ်မတော်သား ကိုယ်စားလှယ်တွေ ပေးပို့တဲ့စာနဲ့ ပတ်သက်ပြီး မော်ကွန်းမဂ္ဂဇင်း တည်ထောင်သူ အယ်ဒီတာ ကိုဇေယျာလှိုင်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org