ဗိုလ်ထွန်းတောက်နိုင် ဖမ်းဆီးခံရ
မန္တလေးမြို့က ပြောက်ကျားစစ်ခေါင်းဆောင် ဗိုလ်ထွန်းတောက်နိုင်အပါအဝင် သုံးဦးကို စစ်ကောင်စီက ဒီကနေ့ ညနေပိုင်းက မန္တလေးမြို့မှာပဲ ဖမ်းဆီးလိုက်တယ်လို့ မန္တလေး PDF အဖွဲ့ဝင်တစ်ယောက်က RFA ကို အတည်ပြုပြောပါတယ်။
-
စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021-06-23 -
-
-
မန္တလေး PDF တံဆိပ်။
Photo: Citizen Journalist
မန္တလေးမြို့က ပြောက်ကျားစစ်ခေါင်းဆောင် ဗိုလ်ထွန်းတောက်နိုင်အပါအဝင် သုံးဦးကို စစ်ကောင်စီက ဒီကနေ့ ညနေပိုင်းက မန္တလေးမြို့မှာပဲ ဖမ်းဆီးလိုက်တယ်လို့ မန္တလေး PDF အဖွဲ့ဝင်တစ်ယောက်က RFA ကို အတည်ပြုပြောပါတယ်။
ဗိုလ်ထွန်းတောက်နိုင်နဲ့အတူ လက်နက်တချို့ကို ဖမ်းမိရမိသွားတယ်လို့လည်းဆိုပါတယ်။ RFA အဖွဲ့သား စောဖိုးခွားက အမည်မဖော်လိုတဲ့ မန္တလေး PDF အဖွဲ့ဝင်တစ်ဦးကို ဒီကနေ့ည ၁၂ နာရီကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။