အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီ တိုက်လေယာဉ်နဲ့ တိုက်ခိုက်
ဧပြီလ ၂၇ရက်နေ့က ကရင်ပြည်နယ်မြောက်ပိုင်း သံလွင်မြစ်နံဘေးက စစ်ကောင်စီရဲ့ စခန်းတခုကို KNU က သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီက KNU တပ်တွေ ရှိနေတဲ့ အနီးအနားရွာတွေကို စစ်လေယာဉ်နဲ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
-
တင်အောင်ခိုင်(ဝါရှင်တန်ဒီစီ)
2021-04-28 -
-
-
စစ်ကောင်စီက KNU တပ်တွေ ရှိနေတဲ့ အနီးအနားရွာတွေကို စစ်လေယာဉ်နဲ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့စဥ်။
Photo: AFP
ဧပြီလ ၂၇ရက်နေ့က ကရင်ပြည်နယ်မြောက်ပိုင်း သံလွင်မြစ်နံဘေးက စစ်ကောင်စီရဲ့ စခန်းတခုကို KNU က သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီက KNU တပ်တွေ ရှိနေတဲ့ အနီးအနားရွာတွေကို စစ်လေယာဉ်နဲ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဧပြီလ ၂၈ရက်နေ့မှာ ၃ ကြိမ် တိုင်တိုင် ဗုံးကြဲခဲ့တယ်လို့ KNUက ပြောပါတယ်။ အခုတိုက်ခိုက်ခံရတာတွေဟာ အရပ်သားတွေနေထိုင်တဲ့ ရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး KNU နိုင်ငံခြားရေးဌာနက ဖဒိုစောတောနီးကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။