လေတပ်ဗုံးကြဲလို့ ကရင်ရွာသား ၂၀၀၀ ကျော် ထိုင်းဘက်ထွက်ပြေး

စစ်ကောင်စီ လေတပ်က သုံးရက်ဆက်တိုက် ဗုံးကြဲလို့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ကနေ ထိုင်းနိုင်ငံဘက်ကို သံလွင်မြစ်ဖြတ်ကူးပြီး ကျေးရွာသား ၂ဝဝဝ ကျော် မနေ့က ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီရွာသားတွေကို ထိုင်းအာဏာပိုင်တွေက ယာယီခိုလှုံခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ကနေ ထိုင်းနိုင်ငံဘက်ကို သံလွင်မြစ်ဖြတ်ကူးပြီး ရွာသားတွေ ထွက်ပြေးခဲ့ကြစဥ်။ Photo: Karen Infromation Center -KIC

စစ်ကောင်စီ လေတပ်က သုံးရက်ဆက်တိုက် ဗုံးကြဲလို့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ကနေ ထိုင်းနိုင်ငံဘက်ကို သံလွင်မြစ်ဖြတ်ကူးပြီး ကျေးရွာသား ၂ဝဝဝ ကျော် မနေ့က ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီရွာသားတွေကို ထိုင်းအာဏာပိုင်တွေက ယာယီခိုလှုံခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သစ်တောကြိုးဝိုင်းထဲမှာ အမိုးအကာမရှိဘဲ နေထိုင်ကြရပြီး ကယ်ဆယ်ရေးအဖွဲ့တွေလည်း သွားခွင့်မရသေးဘူးလို့ သိရပါတယ်။ အဲဒီဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး KPSN ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် ပြောခွင့်ရှိသူ ကိုစောသူးဘီးကို မနေ့ညပိုင်းမှာ RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org