မြန်မာစစ်တပ်နှင့် KIO တပ်သားသစ် အဓမ္မစုဆောင်း
ကချင်ဒေသမှာ စစ်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံ ပြည်သူတွေကို မြန်မာ့ တပ်မတော်ဘက်က ဖမ်းဆီး စစ်ဆေးမှုတွေ ရှိနေသလို မြန်မာ စစ်တပ်ကရော ကချင် KIO တပ်ဘက်ကပါ ဒေသခံတွေကို တပ်သားသစ် အဓမ္မ စုဆောင်းနေတယ်ဆိုပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို စာရေးသား တိုင်ကြား လာတာကြောင့် သွားရောက် စစ်ဆေးရာမှာ မှန်ကန်ကြောင်း ကော်မရှင် တာဝန်ရှိသူတွေ RFA ကိုပြောပါတယ်။
-
2012-07-25 -
-
-
စစ်ကြောင့် ကချင်ဒေသမှာ ဒုက္ခသည် (၅) သောင်းလောက် ရှိတယ်ဆိုပေမယ့် ပြည်နယ်အစိုးရက လက်လှမ်းမီတဲ့ ဒေသအတွင်းမှာ ဒုက္ခသည် (၂) သောင်း လောက်ရှိပြီး အခြား ဒုက္ခသည် စခန်းတွေကတော့ KIO ထိန်းချုပ်မှုအောက်မှာ ရှိပြီး ဒုက္ခသည်တွေ မိမိနေရပ်ရင်းကို ပြန်နိုင်ဖို့အတွက် ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး အမြန်ဆုံး လိုအပ်နေကြောင်း လူ့အခွင့်အရေး ကော်မရှင်က ထောက်ပြပါတယ်။
ကချင်ဒေသကို ကိုယ်တိုင် သွားရောက် စစ်ဆေးနေတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အထွေထွေ အတွင်းရေးမှူး ဦးစစ်မြိုင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |