မြန်မာပြည်ပြန်တာထက် အစ္စရေးစစ်ပွဲကြားမှာ ပိုလုံခြုံတယ်

မြန်မာစစ်တပ်အောက်မှာနေရမှာထက် အစ္စရေးစစ်ပွဲကြားနေရတာက ပိုလုံခြုံတယ်လို့ အစ္စရေးနိုင်ငံမှာနေနေတာ ငါးနှစ်ကျော်ကြာပြီဖြစ်တဲ့ မြန်မာနိုင်ငံသား ကိုဂျက်ကော့ဘင်ဂျမင်က ပြောပါတယ်။

အစ္စရေးနိုင်ငံမှာနေနေတာ ငါးနှစ်ကျော်ကြာပြီဖြစ်တဲ့ မြန်မာနိုင်ငံသား ကိုဂျက်ကော့ဘင်ဂျမင်နဲ့ RFA ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ လတ်တလောဖြစ်နေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်ပွဲဟာ အရင်ကထက် အများကြီးပိုဆိုးတယ်လို့ဆိုပါတယ်။

အစ္စရေးရောက် မြန်မာတွေရော စစ်ပွဲကြားမှာ ဘယ်လိုနေနေကြပါသလဲ။ အာဏာသိမ်းစစ်ကောင်စီကတော့ အစ္စရေးရောက်မြန်မာတွေ သတိထားနေကြဖို့ တိုက်တွန်းထားပါတယ်။

အစ္စရေးရောက် ကိုဂျက်ကော့ဘင်ဂျမင်ကတော့ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်အောက်မှာနေရမှာထက် အစ္စရေးစစ်ပွဲကြားနေရတာက ပိုလုံခြုံတယ်လို့ သူ့အမြင်ကိုပြောပါတယ်။ RFA သတင်းထောက် စောဖိုးခွား မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org