ရခိုင်အမျိုးသားပါတီ (ANP) လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ မေးမြန်းချက်
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကပ်ရောဂါဘေးနဲ့ စစ်ဘေးကို တစ်ပြိုင်နက်တည်း ကြုံတွေ့နေရတာကြောင့် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေမှာ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။
-
2020-09-15 -
-
-
စစ်တွေမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ (ANP) လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းအောင် ကို တွေ့ရစဉ်
ဓာတ်ပုံ - နီမင်းထွန်း/ RFA
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကပ်ရောဂါဘေးနဲ့ စစ်ဘေးကို တစ်ပြိုင်နက်တည်း ကြုံတွေ့နေရတာကြောင့် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေမှာ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မဲဆွယ်စည်းရုံးရေးအခြေအနေနဲ့ ရွေးကောက်ပွဲအပေါ်မဲဆန္ဒရှင်တွေစိတ်ဝင်စားမှု စတာတွေနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ (ANP) ကနေ စစ်တွေမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းအောင်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ဒီနေ့မနက်က စစ်တွေမြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။