စစ်ကောင်စီစခန်းတစ်ခု KNLA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ထိုင်းမြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီရဲ့ ရေတလျောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၈) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရရှိပြီး သေနတ် ၁ဝ လက်ကျော်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထိုင်းမြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီရဲ့ ရေတလျောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၈) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၁၄ ရက်နေ့ မနက်က ဝင်ရောက်တိုက်ခိုက်ရာမှာ ဖြစ်ပွားချိန် မိနစ် ၃ဝ အတွင်း သိမ်းပိုက်ရရှိပြီး သေနတ် ၁ဝ လက်ကျော်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org