NLD အမတ်အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး SNLD လိုလား

ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေပါတဲ့ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရွေးကောက်ပွဲအောင်ခဲ့တဲ့ နေရာဖြစ်ပေမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက အနိုင်ရခဲ့ပြီး SNLD က လက်လွှတ်ခဲ့ရတဲ့ တစ်ခုတည်းသောနေရာလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၁) နေရာမှာ အနိုင်ရထားတဲ့ NLD ပါတီ ကိုယ်စားလှယ် ဦးထိုက်ဇော် ရဲ့ နာရေးအခမ်းအနားကို ၂၀၂၀၊ နိုဝင်ဘာ ၂၂ ရက်နေ့က ကျင်းပစဉ် ဓာတ်ပုံ - ကံသာ/ RFA

ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေပါတဲ့ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရွေးကောက်ပွဲအောင်ခဲ့တဲ့ နေရာဖြစ်ပေမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက အနိုင်ရခဲ့ပြီး SNLD က လက်လွှတ်ခဲ့ရတဲ့ တစ်ခုတည်းသောနေရာလည်း ဖြစ်ပါတယ်။

အနိုင်ရ NLD ပါတီရဲ့ ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေက နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးခဲ့ပါတယ်။ NLD ကိုယ်စားလှယ် သေဆုံးမှုကို အမှုမှန်ပေါ် ပေါက်အောင် အစိုးရက စုံစမ်းဖော်ထုတ်ပေးဖို့လိုပြီး ဒါမှသာ လူမှုအသိုင်းအဝိုင်းကြား သံသယတွေ ပျောက်ကင်းနိုင်လိမ့်မယ်လို့ SNLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး  စိုင်းလိတ် က ပြောပါတယ်။

RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org