ရခိုင်မှာ ရွေးကောက်ပွဲမဲပေးခွင့် ဆုံးရှုံးနေသူ ၁၂ သိန်းကျော်ရှိ

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲပေးခွင့်ရှိသူ ၁၆ သိန်းထဲက ၄ သိန်းပဲ မဲပေးခွင့်ရခဲ့တာမို့ လူပေါင်း ၁၂ သိန်း မဲပေးခွင့် ဆုံးရှုံးနေတယ်လို့လည်း ဆိုပါတယ်။

၂ဝ၂ဝ နိုဝင်ဘာလ ၈ ရက်နေ့က စစ်တွေမြို့နယ်မှာ ဆန္ဒမဲ ပေးခဲ့ကြသော မဲဆန္ဒရှင်တချို့။ Photo: RFA

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲပေးခွင့်ရှိတဲ့သူ ၁၆ သိန်းထဲက ၄ သိန်းပဲ မဲပေးခွင့်ရခဲ့တာမို့ လူပေါင်း ၁၂ သိန်း မဲပေးခွင့်ဆုံးရှုံးနေတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က RFA ကို ဒီကနေ့ပြောလိုက်ပါတယ်။

ဒီဇင်ဘာလကုန်အထိ ခန့်မှန်းကြိုတင်ကောက်ထားတဲ့ မဲစာရင်းတွေလည်း ရှိပြီးသားမို့ ရွေးကောက်ပွဲပြန်ကျင်းပဖို့ အခက်အခဲမရှိနိုင်ဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်တင်လှိုင်ကို RFA ဝိုင်းတော်သားစောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။

----------------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org