ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အင်းလျားလမ်းအိမ် NUG စတင်ရောင်းချ

စတင်ရောင်းချတဲ့နေ့မှာပဲ တစ်ဦးတည်းက အမေရိကန်ဒေါ်လာ တစ်သိန်းဖိုးအထိ ဝယ်ယူခဲ့တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Photo: AFP

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရယူထားတဲ့ ရန်ကုန်မြို့ အင်းလျားလမ်း ခြံနံပါတ် ၁၄ နေအိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဧပြီလ ၅ ရက်နေ့ မနေ့က ကြိုတင်စနစ်နဲ့ စတင်ရောင်းချပါတယ်။ ရှယ်ယာတစ်စုကို အမေရိကန်ဒေါ်လာ ၁ဝဝ နဲ့ အစုရှယ်ယာ တစ်သိန်းရောင်းချမှာ ဖြစ်ပါတယ်။

စတင်ရောင်းချတဲ့နေ့မှာပဲ တစ်ဦးတည်းက အမေရိကန်ဒေါ်လာ တစ်သိန်းဖိုးအထိ ဝယ်ယူခဲ့တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောပါတယ်။ ဦးတင်ထွန်းနိုင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org