အနိုင်ရအမတ်လောင်း သေဆုံးမှုအတွက် အမုန်းမပွားကြောင်း ဇနီးသည်ပြော
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရှမ်းပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ဖြစ်ရပ်အတွက် ဘယ်သူ့ကိုမှ အမုန်းမပွားသလို အမှုဖွင့်တာလည်း မလုပ်လိုဘူးလို့ ဦးထိုက်ဇော်ရဲ့ ဇနီး ဒေါ်ဥမ္မာထွေးက ပြောပါတယ်။
-
ကံသာ
2020-11-25 -
-
-
သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ ရှမ်းပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် ဇနီးနဲ့ တွေ့ဆုံမေးမြန်းစဉ်
ဓာတ်ပုံ - ကံသာ/ RFA
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရှမ်းပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ဖြစ်ရပ်အတွက် ဘယ်သူ့ကိုမှ အမုန်းမပွားသလို အမှုဖွင့်တာလည်း မလုပ်လိုဘူးလို့ ဦးထိုက်ဇော်ရဲ့ ဇနီး ဒေါ်ဥမ္မာထွေးက ပြောပါတယ်။ အလားတူ ဖြစ်ရပ်တွေ နောက်ထပ် ထပ်မဖြစ်စေချင်ဘဲ ကျန်တဲ့ မိသားစုလည်း ပင်တိန်ရွာလေးမှာပဲ အေးအေးချမ်းချမ်း နေထိုင်ခွင့်ရဖို့ ဒေါ်ဥမ္မာထွေးက ဆန္ဒရှိနေတာပါ။
ဒေါ်ဥမ္မာထွေးကို RFA သတင်းထောက် ကိုကံသာ က မေးမြန်းထားပါတယ်။