စစ်ကောင်စီသုံး ရုရှားစစ်လေယာဉ်တွေ ပျံသန်းမှုအခက်ကြုံနိုင်ဟု CDM လေသူရဲ ပြော

CDM ဗိုလ်ကြီး ဇေသူအောင်။ Photo - CJ

ယူကရိန်းနိုင်ငံကို ကျူးကျော်မှုအတွက် ရုရှားလေယာဉ်တွေပျံသန်းမှုကို နိုင်ငံတကာက ပိတ်ဆို့မှုတွေ ပြုလုပ်မယ်ဆိုရင် ရုရှားနိုင်ငံလုပ် စစ်လေယာဉ်တွေကို သုံးစွဲနေရတဲ့ စစ်ကောင်စီအနေနဲ့ အဲဒီလေယာဉ်ပျံတွေကို ပြုပြင်ထိန်းသိမ်းဖို့ အခက်ကြုံရလိမ့်မယ်လို့ နေပြည်တော်လေတပ်စခန်းကနေ စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့ဘက် ကူးပြောင်းလာခဲ့တဲ့ လေသူရဲ ဗိုလ်ကြီး ဇေသူအောင် က RFA ကိုပြောကြားလိုက်ပါတယ်။

ဒါ့အပြင် လေတပ်အမှုထမ်းအားလုံး ပျံသန်းချိန်ပိုမိုပြပြီး လေယာဉ်ဆီ ခိုးယူရောင်းချမှုက ရရှိငွေကို အဓိကမှီခိုနေရပြီး အဲဒီ ရရှိငွေတချို့ကို ခွဲတမ်းအဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကို တိုက်ရိုက်ပေးပို့ရတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီလေတပ်ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်ကြီး ဇေသူအောင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org