စစ်ကိုင်းတိုင်းထဲ စစ်ကောင်စီရဲ့ရွေးကောက်ပွဲခြေလှမ်းနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့သုံးသပ်ချက်

အာဏာသိမ်းပြီးနောက် မီးလောင်ဆုံးရှုံးမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းအတွင်း မြို့ပေါ် ရပ်ကွက်တချို့မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း လိုက်ကောက်တာတွေ ရှိနေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ နယ်မြေအေးချမ်းမှုမရှိတဲ့ စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲဖြစ်နိုင်ခြေရှိပါသလား။

စစ်ကိုင်းတိုင်း၊ ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ Wetlet Peoples Defense Force

အာဏာသိမ်းပြီးနောက် မီးလောင်ဆုံးရှုံးမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းအတွင်း စစ်ကောင်စီတပ်တွေ စိုးမိုးမှုရှိနေတဲ့ မုံရွာ၊ ဘုတလင်၊ အရာတော်နဲ့ ချောင်းဦးမြို့နယ်က မြို့ပေါ် ရပ်ကွက်တချို့မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း လိုက်လံကောက်ယူတာတွေ ရှိနေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း ဒီလဆန်းပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်းက ကျွန်းလှ၊ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်မြို့နယ်တွေက ကျေးရွာတွေ မီးရှို့ခံခဲ့ရသလို ဆားလင်းကြီးမြို့နယ်မှာဆိုရင်လည်း စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်လာလို့ ဒေသခံတွေ ထွက်ပြေးနေရပါတယ်။

နယ်မြေအေးချမ်းမှုမရှိတဲ့ စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲဖြစ်နိုင်ခြေရှိပါသလား။ မြေပြင်က တော်လှန်ရေးအင်အားစုတွေရဲ့ သဘောထားအမြင်ကို RFA နှင့်စကားပြောခြင်း အစီအစဉ်ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org