ကျောက်နီမော်က နိုင်ငံသားစိစစ်ရေးကတ်ကိစ္စ မေးမြန်းချက်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသား မဟုတ်သူတွေကို ကမန်တိုင်းရင်းသားတွေအဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေတဲ့အပေါ် ကန့်ကွက်ကြောင်း ကျောက်နီမော်ဒေသ ကျေးရွာအုပ်စု ၅ ခုမှာ လူထုလှုပ်ရှားမှုအဖြစ် လက်မှတ်ကောက်ခံနေပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသား မဟုတ်သူတွေကို ကမန်တိုင်းရင်းသားတွေအဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေတဲ့အပေါ် ကန့်ကွက်ကြောင်း ကျောက်နီမော်ဒေသ ကျေးရွာအုပ်စု ၅ ခုမှာ လူထုလှုပ်ရှားမှုအဖြစ် လက်မှတ်ကောက်ခံနေပါတယ်။ ဒေသခံတွေ အဆိုအရ ကျောက်နီမော်ဒေသမှာ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ကမန်တိုင်းရင်းသား အိမ်ထောင်စု ၃ဝ လောက်သာရှိပေမယ့် လက်ရှိမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသွားတဲ့ ကမန်တိုင်းရင်းသား ၃ဝဝဝ ကျော် ရှိနေတယ်လို့ သိရပါတယ်။ နေပြည်တော်ကလာတဲ့ လဝက အရာရှိတွေက စာရင်းကောက်ပြီးနောက် အခုလို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ထုတ်ပေးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ကျောက်နီမော်ဒေသခံ ဦးဖြူလုံးကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org