မြန်မာ့အရေး အမေရိကန် အလေးထားဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော
ရန်ကုန်အမေရိကန်သံရုံးအကြီးအကဲ အသစ် ခန့်အပ်ခြင်း အပါအဝင် လတ်တလောပြောင်းလဲမှုတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်ဒီမိုကရေစီရရှိရေး အလေးထားမှုကို ဖော်ညွှန်းနေတယ်လို့ သူကပြောပါတယ်။
-
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023-07-24 -
-
-
အမေရိကန်ပြည်ထောင်စုကို နှစ်လတာရောက်ရှိခဲ့တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ အမေရိကန်အစိုးရနဲ့ လွှတ်တော်အသိုင်းအဝန်းက ပုဂ္ဂိုလ်အများအပြားကို တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။
ရန်ကုန်အမေရိကန်သံရုံးအကြီးအကဲအသစ် ခန့်အပ်ခြင်း အပါအဝင် လတ်တလောပြောင်းလဲမှုတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်ဒီမိုကရေစီရရှိရေး အလေးထားမှုကို ဖော်ညွှန်းနေတယ်လို့ သူကပြောပါတယ်။ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။