ကမ္ဘာ့ကပ်ရောဂါနဲ့ မြန်မာ့လူမှုကူညီရေးအဖွဲ့များ

မြန်မာနိုင်ငံမှာ COVID 19 လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ရှိလာနေပါပြီ။ တကမ္ဘာလုံးက စိုးရိမ်ထိတ်လန့်နေတဲ့ ဒီရောဂါ မြန်မာနိုင်ငံကိုရောက်လာခဲ့ပြီ ဖြစ်တာကြောင့် ကျန်းမာရေးကို တနိုင်ငံလုံး အထူးဂရုစိုက်ရမယ့်အချိန်ရောက်နေပြီလို့ ဆိုရမှာပါ။

kyawthu-622.jpg

ဒီရောဂါကျယ်ကျယ်ပြန့်ပြန့်မဖြစ်ပွားရေး ကြိုးပမ်းကြတဲ့နေရာမှာ အစိုးရအဖွဲ့အစည်းတွေတင်မကဘဲ အရပ်ဘက်အဖွဲ့အစည်းတွေကပါ ဝိုင်းကူညီရမယ့် အခြေအနေရောက်နေပါပြီ။

ဒီနေရာမှာ လူမှုကူညီရေးအဖွဲ့ အစည်းတွေရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးကြီးလာတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လူမှုကူညီရေးအဖွဲ့တွေ ဘယ်လိုပြင်ဆင်ထားကြသလဲဆိုတာကို သိနိုင်အောင် နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူ ကို RFA သတင်းထောက် မဇာဏီထွဏ်း သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org