အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲနဲ့ မြန်မာ

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ၂ ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြားက ကုန်သွယ်ရေး တင်းမာမှုတွေက တရုတ်နိုင်ငံနဲ့ ကပ်နေတဲ့ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်ဖြစ်စေမယ့် အခွင့်အလမ်းတရပ် ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် စီးပွားရေး အကျိုးဆောင်တဦးက ပြောပါတယ်။

IV2-622.jpg

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ၂ ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြားမှာ ကုန်သွယ်ရေး မပြေမလည် ဖြစ်နေတာ နှစ်နဲ့ချီပြီး ကြာလာနေပါပြီ။

ဒီနှစ်နိုင်ငံကြားက ကုန်သွယ်ရေး တင်းမာမှုတွေက နိုင်ငံတကာ စီးပွားရေးကိုပါ ထိခိုက်လာနေတာပါ။ ဒီအခက်အခဲတွေကြောင့် တရုတ်နိုင်ငံမှာ ရင်းနှီးမြုပ်နှံနေကြတဲ့ နိုင်ငံခြားကုမ္ပဏီတချို့ဟာ တခြား အာရှနိုင်ငံတွေကို ပြောင်းပြီးလုပ်နေကြပါပြီ။

ဒါဟာ တရုတ်နိုင်ငံနဲ့ ကပ်နေတဲ့ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်ဖြစ်စေမယ့် အခွင့်အလမ်းတရပ် ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် စီးပွားရေး အကျိုးဆောင်တဦးက ပြောပါတယ်။

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက မန်နေဂျာ ကိုလှဘုန်းမြင့်ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဝါရှင်တန်ဒီစီ မြို့တော်က RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org