ရခိုင်ပြည်နယ်က လတ်တလောဖြစ်ရပ်တွေအပေါ် သမ္မတရုံး သဘောထား

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်က မွတ်ဆလင်တွေနေရာမှာ ဝင်ရောက်ကျူးကျော်နေသူတွေကို ဖယ်ရှားဖို့ အမိန့်စာကပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး လုပ်ကြံခံရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ ပြည်နယ်အစိုးရကို ညွှန်ကြားထားကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ၂၀၂၀ မေ ၃၀ရက်နေ့ ‌အွန်လိုင်းဆွေးနွေးပွဲမှာ တွေ့ရစဉ် Photo: RFA

မေလ ၃၀ ရက်နေ့က သမ္မတရုံးရဲ့ ပုံမှန်ပြုလုပ်နေကျ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ

(၁) ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ ဝင်ရောက်နေထိုင်သူတွေကို ဖယ်ရှားခိုင်းတဲ့ ညွှန်ကြားချက်ကိစ္စနဲ့ အဲဒီအမိန့်ကြော်ငြာလိုက်ကပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့ကိစ္စ၊

(၂) လက္ကာရွာမီးရှို့ခံရတဲ့ကိစ္စနဲ့

(၃) AA ရက္ခိုင့်တပ်တော်က အစိုးရလက်အောက်ခံ လက်နက်ကိုင်တပ်တွေကို ရခိုင်ပြည်နယ်က ထွက်ခွာခိုင်းတဲ့အပေါ် အစိုးရရဲ့သဘောထားတွေကို သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို RFA သတင်းထောက် မသက်စုအောင် မေးမြန်းထားတာ ကောက်နှုတ်တင်ပြလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org