ရခိုင်ပြည်နယ်မှာ AA အဖွဲ့က ပိုပြီးအုပ်ချုပ်လာနိုင်နေပြီလို့ အမတ်ဟောင်းသုံးသပ်

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယားလုံးဝနီးပါး ပျက်ပြားသွားပြီဖြစ်ပြီး ဒေသရဲ့ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေး ရှစ်ဆယ်ရာခိုင်နှုန်းကို AA ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားနိုင်ပြီလို့ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦးဖြစ်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း ကပြောကြားလိုက်ပါတယ်။

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယားလုံးဝနီးပါး ပျက်ပြားသွားပြီဖြစ်ပြီး ဒေသရဲ့ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေး ရှစ်ဆယ်ရာခိုင်နှုန်းကို AA ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားနိုင်ပြီလို့ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦးဖြစ်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း ကပြောကြားလိုက်ပါတယ်။

သီးခြားလွတ်လပ်တဲ့နိုင်ငံတခုဖြစ်ရေးဟာ ရခိုင်ပြည်သူတစ်ရပ်လုံးရဲ့ အိပ်မက်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ပြည်နယ် အတွင်း ဒုတိယလူများစုဖြစ်တဲ့ မွတ်စလင်တွေရဲ့ ဖြစ်တည်မှုကိုလည်း အသိအမှတ်ပြုရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဦးဖေသန်းကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org