ကုလသမဂ္ဂရဲ့ ရခိုင်မြောက်ပိုင်းခရီးစဉ်အကြောင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ကျေးရွာ ၂၃ ရွာကို သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ဝန်ထမ်းတွေရဲ့ ခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ကျေးရွာ ၂၃ ရွာကို သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ဝန်ထမ်းတွေရဲ့ ခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ အဲဒီရွာတွေက ဒေသခံတွေကို တွေ့ဆုံမေးမြန်းခဲ့တာတွေ၊ လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး မနက်ဖြန် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြောကြားဖို့ ရှိနေပါတယ်။

ဒီခရီးစဉ်အတွက် အစိုးရက စီစဉ်ဆောင်ရွက်ပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org