မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တွေ့မည်
မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ AA, TNLA, MMDAA အဖွဲ့သုံးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
-
2018-09-04 -
-
-
Your browser doesn’t support HTML5 audio
မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ AA,TNLA,MMDAA အဖွဲ့သုံးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းရဲ့ အစီအစဉ်အရတရုတ်နိုင်ငံ ကူမင်းမြို့မှာ စက်တင်ဘာလ ၅ ရက်နေ့မှာ တွေ့ဆုံကြမယ်လို့ TNLA အဖွဲ့က ပြောပါတယ်။
ဆွေးနွေးပွဲသွားရောက်မယ့် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။