ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပနိုင်ရေး မေးမြန်း ချက်
2017.04.23
ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို လာမယ့် မေလ တတိယပတ်အတွင်းမှာ ကျင်းပနိုင်ဖို့အတွက် စီစဉ်နေ တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုး က ပြောပါတယ်။ အဲဒီ ညီလာခံ မတိုင်ခင်မှာ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပြည်ထောင်စု ငြိမ်း ချမ်းရေး ကော်မရှင်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး ကို RFA သတင်းထောက် ကိုကျော်စိုးလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။